Service book မှတ်တမ်း


အမှုထမ်းသက် မှတ်တမ်းစာအုပ်များထားရှိခြင်း

👉(က) ဝန်ထမ်းအဖြစ်ခန့်ထားခံရသူတိုင်းအတွက် အမှုထမ်းသက်မှတ်တမ်းစာအုပ်ထားရှိရမည်။
အမှုထမ်းသက် စာအုပ်ကို ဝန်ထမ်းက မိမိငွေဖြင့် ဝယ်ယူရမည်။
👉(ခ) အမှုထမ်းသက်မှတ်တမ်းစာအုပ်ကိုထိန်းသိမ်းထားရှိရန်ဝန်ထမ်းတာဝန်ထမ်းဆောင်လျက်
ရှိသော ဌာနအကြီးအကဲတွင် တာဝန်ရှိသည်။ ဌာနအကြီးအကဲသည် ဤတာဝန်ကို သင့်
လျော်မည့် ဝန်ထမ်းတစ်ဦးကို ပေးအပ်နိုင်သည်



👇ဝန်ထမ်း၏ အသက်ကို မှတ်တမ်းတင်ခြင်း
ဝန်ထမ်း၏မွေးသက္ကရာဇ်ကို အမှုထမ်းသက်စာအုပ်တွင် ရေးသွင်းရာ၌ အောက်ပါအတိုင်း ဆောင်
ရွက်ရမည် -
👉(က) မွေးသက္ကရာဇ်ကို အောက်ပါ စာရွက်စာတမ်း အထောက်အထား တစ်ခုခုဖြင့် တိုက်ဆိုင်
စိစစ်ပြီးမှ ရေးသွင်းရမည်-
🖋(၁) မွေးစာရင်းလက်မှတ်
🖋(၂) ကျောင်းဝင်မှတ်ပုံတင်ထောက်ခံချက်
🖋(၃) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်


 (ခ) မွေးဖွားသည့်ခုနှစ်နှင့် လကိုသာ သိ၍ မွေးဖွားသည့် ရက်စွဲကို မသိသည့် ဝန်ထမ်း၏ကိစ္စ
တွင် ထိုမွေးဖွားသည့် လ၏ (၁၆)ရက်နေ့ကို မွေးဖွားသည့် ရက်စွဲအဖြစ် မှတ်ယူရမည်။


(ဂ) မွေးဖွားသည့်ခုနှစ်ကိုသာ သိ၍ မွေးဖွားသည့်ရက်စွဲကို မသိသည့် ဝန်ထမ်း၏ ကိစ္စ၌ ထို
မွေးဖွားသည့်နှစ်၏ ဇူလိုင်လ(၁)ရက်နေ့ကို မွေးဖွားသည့် ရက်စွဲအဖြစ် မှတ်ယူရမည်။


(ဃ) မွေးဖွားသည့် ခုနှစ်လ၊နေ့ရက်အတွက် မည်သည့်အထောက်အထားမျှ မတင်ပြနိုင်သည့်
ဝန်ထမ်းကိစ္စတွင် ကျန်းမာခြင်း ဆေးလက်မှတ်၌ ဖော်ပြထားသည့် အသက်ကို အမှန်ဟု
မှတ်ယူရမည်။သို့ရာတွင်ဝန်ထမ်း၏အသက်ပြည့်သည့် နေ့ရက်သတ်မှတ်ရာတွင် ဝန်ထမ်း
၏ကျန်းမာရေးနှင့် ဆေးစစ်သည့်နေ့ရက်ကိုသာ အသက်ပြည့်သည့် နေ့ရက်အဖြစ်မှတ်ယူ
ရမည်။
ဥပမာ။
ကျန်းမာခြင်း ဆေးလက်မှတ်တွင် ဝန်ထမ်း၏ အသက်သည် (၂၁)နှစ်ဖြစ်သည်ဟု ဖော်ပြ
ထား၏ထိုဝန်ထမ်းကိုဆေးစစ်သည့်နေ့ရက်သည်၅-၆-၈၁ဖြစ်၏။ထိုနေ့ရက်သည်ဝန်ထမ်း
အသက်(၂၁)နှစ်ပြည့်သည့် နေ့ရက်ဖြစ်သည်။
သို့ဖြစ်၍ ဝန်ထမ်း၏မွေးနေ့သည် နေ့ရက်
၅-၆-၆ဝ ဖြစ်သည်ဟု မှတ်ယူရမည်။
အမှုထမ်းသက်မှတ်တမ်းစာအုပ်တွင်ရေးသွင်းထားသည့် မွေးသက္ကရာဇ်ကို ဌာနအကြီးအကဲ၏ခွင့်
ပြုမိန့်ဖြင့်သာပြင်ဆင်နိုင်သည်။ မွေးသက္ကရာဇ်ကို အက္ခရာအပြင်စာသားနှင့်ပါ ဖြည့်စွက်ရပါမည်။
ဝန်ထမ်း၏ အမှတ်အသားများကို မှတ်တမ်းတင်ခြင်း




Service book တွင်အောက်ပါတို့ကိုမှတ်တမ်းတင်ရမည်
၁။ရာထူးတိုးမြှင့်ခြင်း
၂။နှစ်တိုးခွင့်ပြုခြင်း
၃။ပြောင်းရွေ့ခြင်း
၄။ခွင့်ခံစားခြင်း
၅။ဆုချီးမြှင့်ခြင်း ခံရခြင်း
၆။ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိခြင်း
၇။ပညါရည်တိုးတက်မှုရှိခြင်း
၈။သင်တန်းထူးချွန်မှုရှိခြင်း

ရာ တိုး ပြောင်း ခွင့်
ဆု ဘွဲ့ ညာ ထူး


ပြစ်ဒဏ် ရေးသွင်းခြင်း
၁။သတိပေးခြင်း
၂။နှစ်တိုးလစာရပ်ဆိုင်းခြင်း
၃။ရာထူးတိုး​မြှင့်ခြင်းကိုရပ်ဆိုင်းခြင်း
၄။ရာထူး​ေလျာ့ချခြင်း
၅။လစာနှုန်းအတွင်း လစာလျော့ချခြင်း

သတိပေး၊ ရပ်(၂)ခါ၊ လျော့(၂)ခါ၊ ပြစ်ဒါဏ် ၅ မျိုးပါ

Comments

Popular posts from this blog

ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်း