ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်း
၃၉။ ဝန်ထမ်းများလိုက်နာရမည့်တာဝန်(၁၂)ချက်မှာ (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း (၂) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဌာန်ချက်များကို လိုက်နာခြင်း (၃) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း (၄) နိုင်ငံတော်ပိုင်ပစ္စည်းနှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် အလွှဲသုံးစားမှု မပြုရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း (၅) မိမိအား ပေးအပ်ထားသည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း (၆) နိုင်ငံဝန်ထမ်းဥပဒေအရ ပြုလုပ်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းက ပြုလုပ်ထားသော ဝန်ထမ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်များကို လိုက်နာခြင်း (၇) ပါတီနိုင်ငံရေးကင်းရှင်းခြင်း (၈) ရာထူးဝန်အဖွဲ့မှ သတ်မှတ်ထားသည့် သင်တန်းများ တက်ရောက်ခြင်း (၉) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာကင်းမဲ့စွာ ပြုမူနေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း (၁၀) လဘ်ပေးလဘ်ယူခြင်းမှ ရှောင်ကြဉ်ခြင်း (၁၁) မိမိအား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အလွှဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း (၁၂) ပြည်သူအား ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြ...
Comments
Post a Comment