ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်း

၃၉။ ဝန်ထမ်းများလိုက်နာရမည့်တာဝန်(၁၂)ချက်မှာ

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဌာန်ချက်များကို လိုက်နာခြင်း
(၃) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း
(၄) နိုင်ငံတော်ပိုင်ပစ္စည်းနှင့် နိုင်ငံတော် ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့်
အလွှဲသုံးစားမှု မပြုရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း
(၅) မိမိအား ပေးအပ်ထားသည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ခြင်း
(၆) နိုင်ငံဝန်ထမ်းဥပဒေအရ ပြုလုပ်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်
ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းက ပြုလုပ်ထားသော ဝန်ထမ်းစည်းကမ်း၊ အမိန့်
ညွှန်ကြားချက်များကို လိုက်နာခြင်း
(၇) ပါတီနိုင်ငံရေးကင်းရှင်းခြင်း
(၈) ရာထူးဝန်အဖွဲ့မှ သတ်မှတ်ထားသည့် သင်တန်းများ တက်ရောက်ခြင်း
(၉) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာကင်းမဲ့စွာ ပြုမူနေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၁၀) လဘ်ပေးလဘ်ယူခြင်းမှ ရှောင်ကြဉ်ခြင်း
(၁၁) မိမိအား ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အလွှဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း
(၁၂) ပြည်သူအား ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်း


၄၀။ အရေးယူခံရသည့် ဝန်ထမ်းအား အောက်ပါအချက်များ ခံစားခွင့်မပြုရ (၆)ချက်


(၁) မည်သည့်တာဝန်ဝတ္တရားကိုမျှ ထမ်းဆောင်ခွင့် မပြုရ
(၂) ခွင့်မပေးရ
(၃) ပြည်တွင်း ပြည်ပသင်တန်းများ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်း မပြုရ
(၄) ရာထူးတိုးမြှင့်ပေးခြင်းမပြုရ
(၅) ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ရန် ထောက်ခံခြင်းမပြုရ
(၆) အငြိမ်းစားယူခွင့်နှင့် အလုပ်နှုတ်ထွက်ခွင့် မပြုရ


၄၁။ ပြစ်ဒဏ် (၉)မျိုး ရှိပါသည်-
(၁) စာဖြင့်သတီပေးခြင်း (၂) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း
(၃) နှစ်တိုးလစာရပ်ဆိုင်းခြင်း (၄) လစာနှုန်းအတွင်း လစာလျော့ချခြင်း
(၅) ရာထူးအဆင့်လျော့ချခြင်း
(၆) ပေါ့လျော့မှု့ကြောင့်ဖြစ်စေ လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များ
မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ပျက်ဆီးဆုံးရှုံးမှု တစ်စိတ်တစ်ဒေသ (သို့)
အပြည့်ကို ပေးလျှော်စေခြင်း
(၇) တာဝန်မှ ယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း လစာနှုန်း အပြည့်ခံစားခွင့် မပြုခြင်း (သို့)
ယင်းကာလကို တာဝန်ချိန်အဖြစ် အသိအမှတ်မပြုခြင်း
(၈) ရာထူးမှထုတ်ပယ်ခြင်း 
(၉) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း




🤗🤗🤗🤗🤗🤗🤗🤗






...

Comments